Saturday, October 1, 2016

Mi Max ကို Unlock မလုပ်ပဲ Root နဲ့ မြန်မာစာသွင်းနည်း


Mi Max ကို Unlock မလုပ်ပဲ Root လုပ်နည်း နဲ့ မြန်မာစာသွင်းနည်း လေးဖော်ပြပေးလိုက်ပါတယ်
Mi Max Root Kit Download ကို ဒေါင်းလုပ်ပြီးဖြေလိုက်ပါ Mi Flash နဲ့ imageroottwrp ဖိုင်ကိုရွေးပြီး 9008 mode ကနေ flash လိုက်ပါ (9008 mode ကို adb ကနေ adb reboot edl ရိုက်ပြီးဝင်ပါ သို့မဟုတ် Xiao mi jig ကြိုးနဲ့ဝင်လို့ရပါတယ် )

Mi Max ကို Unlock မလုပ်ပဲ Root နဲ့ မြန်မာစာသွင်းနည်း


Mi Max ကို Unlock မလုပ်ပဲ Root လုပ်နည်း နဲ့ မြန်မာစာသွင်းနည်း လေးဖော်ပြပေးလိုက်ပါတယ်
Mi Max Root Kit Download ကို ဒေါင်းလုပ်ပြီးဖြေလိုက်ပါ Mi Flash နဲ့ imageroottwrp ဖိုင်ကိုရွေးပြီး 9008 mode ကနေ flash လိုက်ပါ (9008 mode ကို adb ကနေ adb reboot edl ရိုက်ပြီးဝင်ပါ သို့မဟုတ် Xiao mi jig ကြိုးနဲ့ဝင်လို့ရပါတယ် )

Tuesday, April 26, 2016

China Clone ဖုန်းများ Firmware ရှာခြင်း နှင့် Firmware ရှာရခက်သောဖုန်းများ Firmware ရှာနည်း

China Clone တွေလို့ ခေါ်တဲ့ တရုတ် Handset တွေ Firmware ကျသွားရင် ပြန်ရှာနည်းလေးပြောပြပေးလိုက်ပါတယ်။အခြားဖုန်းတွေကိုလည်း ဒီနည်းအတိုင်းရှာနိုင်ပါတယ်။
Firmware ရှာရခက်တဲ့ဖုန်းတွေအတွက်တော့ တော်တော်အသုံးဝင်စေမယ့်နည်းလေးပါ။
အားလုံးပြန်ရနိုင်တယ်လို့လည်း ကျွန်တော်အာမ မခံပါဘူး။
ဘာလို့လဲဆိုတော့ ခုနည်းက ကျွန်တော်ကိုယ်တိုင် ရှာကြည့်လို့အဆင်ပြေတဲ့နည်းဆိုပေမယ့်
တချို့ဖုန်းတွေ မတွေ့နိုင်တာမျိုးလည်းရှိနိုင်ပါတယ်။

မိမိဖုန်းကအကြောင်းအမျိုးမျိုးနဲ့ Firmware ကျသွားတဲ့ဖုန်းဟာ လူသုံးများတဲ့ဖုန်း နာမည်ကြီးတဲ့ Model ဆိုရင်တော့ အင်တာနက်မှာ Firmware ပြန်ရှာလို့လွယ်ပေမယ့် China Clone လို့ခေါ်တဲ့ တရုတ်ကလာတဲ့ ဖုန်းတွေကတော့ Firmware ပြန်ရှာလို့ခက်တာ ကြုံဖူးကြမှာပါ။
မကြုံဖူးသေးရင်လည်း ကြုံလာခဲ့ရင်ဖြေရှင်းနိုင်အောင် ဒီပို့စ်ကိုအဆုံးထိဖတ်သွားလိုက်ပါ။
ဒီဖုန်းတွေတော်တော်များများက မြန်မာနိုင်ငံမှာပဲများပါတယ်။
အခြားနိုင်ငံတွေမှာလည်းရှိပေမယ့် နည်းပါတယ်။
ဈေးပေါပေါနဲ့လက်ပွတ်လို့ရတယ် ဖုန်းဆက်လို့ရတယ် အင်တာနက်ဆိုတာလေးလဲသုံးလို့ရတယ်ဆိုတော့
တော်တော်များများက မျက်စိကျပြီးကိုင်ကြမှာသေချာပါတယ်။
အချို့ကလည်း ငွေကြေးကြောင့်ကိုင်တဲ့သူတွေလည်းရှိပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ်ဖုန်းဆိုတာ အသုံးပြုနေရင် ပျက်တက်တာပဲလေ။
အကြောင်းအမျိုးမျိုးကြောင့် ဖုန်းက logo မှာရက်နေတယ် Firmware ရေးရမယ့်အနေ အထားတစ်ခုဆို
ဆိုင်သွားရင် 8000,10000 ပေးရမယ်။
အဲ့ဒီလိုဆိုင်မသွားချင်သူတွေရှိမှာပဲလေ....
အဲ့ဒီလိုကြုံလာခဲ့ရင်အရင်ဆုံး Factory data reset ချကြည်ပါ။
အဆင်မပြေရင် Firmware ပြန်တင်ရတော့မှာပါ။
အင်တာနက်မှာ မိမိရဲ့ဖုန်း Model ဗားရှင်းအလိုက်ရိုက်ပြီး Firmware ကြည့်ပါ။
China Clone ဖြစ်လို့ရှာလို့မတွေခဲ့ရင် ကျွန်တော်ပြတဲ့နည်းနဲ့ရှာကြည့်ပါ။
တခြားဖုန်းတွေလည်းမတွေခဲ့ရင် ဒီနည်းသုံးနိုင်ပါတယ်။
တစ်ကယ်လို့ အမှားပါတယ် ဆိုရင်တော့ ကျွန်တော်ကို ခွင့်လွှတ်ပေးပါ။
ဘာကြောင့်လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်လဲ ခုမှနည်းပညာအကြောင်းကိုစတင် လေ့လာနေသူတစ်ယောက်ဖြစ်လို့ပါ။


အခု နမူနာ ပြပေးမယ့်ဖုန်းက i9100 China Clone ဖုန်းပါ။ ပုံမှန် Service မလုပ်တဲ့လူမျိုး ၊ နည်းပညာ နယ်ပယ်ကို အခုမှ လေ့လာတဲ့ သူတွေဆို ဒီဖုန်းက ဘယ်လို Factory ချမှာလဲဆိုတာတောင်မသိပါဘူး။
ဘာကြောင့်လဲ့ဆိုတော့ ပုံမှန်ဆိုရင်ကျွန်တော်တို့ဖုန်းတွေ Recovery Mode ဝင်မယ်ဆို
Volume Up [or] Vol Down + Power ကို 10 စက္ကန့်လောက် ဖိထားရင် Recovery Mode ဝင်သွားပါတယ်။
ချွင်းချက် အနေနဲ့တော့ Home Key (အလယ်ခလုတ်) ပါတဲ့ ဖုန်းတွေဆိုရင်တော့ Home Key ကိုပါတွဲနှိပ်ပေးရပါတယ်။
( Samsung ဖုန်းများတွင်ပါသော Home Key (အလယ်ခလုတ်) ပါသောဖုန်းမျိုး )
ခုကျွန်တော်စမ်းသက်ပြမယ့်ဖုန်းမှာဆိုရင် ပုံမှန်ပါနေကျ Recovery Mode မပါပါဘူး။
Factory Mode ပဲပါတတ်ပါတယ်။ China Clone ဖုန်းတော်တော်များများဟာ အဲ့လို Factory Mode ပဲပါတက်ပါတယ်။
အဲ့တာဆို ဘယ်လို Reset မေးလာနိုင်ပါတယ်။
ကဲအောက်ကဖုန်းပုံစံလေးကို ဆက်ကြည့်လိုက်ကြပါဦး......






Factory Mode မှာဘာတွေပါလဲ လေ့လာကြည့်တဲ့အခါ
1 . Full Test
2 . Item Test
3 . Test Report
4 . Clear Flash
5 . Version
6 . Reboot ဆိုပြီးတော့ ပါပါတယ်။

Factory Reset ချချင်တယ်ဆိုရင်တော့ နံပါတ် 4 က Clear Flash ဆိုတာကိုရွေးပါ။
Clear Flash ဆိုတာ Factory Data Reset နဲ့လုပ်ဆောင်ပုံ အတူတူပါပဲ။
သူကလဲပြောမယ်ဆိုရင် Memory ic (or) EMMC ဆိုတဲ့ IC ထဲကနေ USER Data တွေကို ဖျက်ပေးတာပါပဲ။
အဲ့တာကြောင့် Factory Reset ဆိုတာမပါရင်လဲ တစ်ခြားတစ်ခုခု ကိုတွေ့နိုင်ပါတယ်။

Factory reset လဲချကြည့်တယ် မရဘူးဆိုရင်တော့
firmware ရေးရမယ့် အနေအထားရောက်လာပါပြီ။
အဲ့တာဆိုရင်တော့ နံပါတ် 5 ဖြစ်တဲ့ version ဆိုတာလိုလာပါပြီ။
Version ဆိုတဲ့ထဲကို power ခလုပ်နှိပ်လိုက်ရင် ဝင်သွားပါလိမ့်မယ်။
အဲ့ထဲမှာဘာတွေပါလဲဆိုရင် Phone ကိုအသုံးပြုထားတဲ့ CPU , imei , Model version,barcode , Uboot Version
Kernel Version ,Android version ,SW Version,Custom Version တွေပါလာပါလိမ့်မယ်။
အဲ့ထဲမှာ အဓိက လိုတာကတော့ SW Version ပါ။
အဲ့တာက ဘာလဲဆိုတော့ ကျွန်တော်တို့ရှာရမယ့် Firmware ပါ။
ဘယ်လိုရှာမလဲ မခက်ပါဘူး။
Coumputer ကိုအခြေခံ သိရုံနဲ့ ရှာလို့ရပါတယ်။
မသိရင်တောင် အင်တာနက်သုံးတတ်ရုံနဲ့ရပါပြီ။


ကွန်ပျူတာက အင်တာနက်ဘရောက်ဆာ တစ်ခုခုကိုဝင်လိုက်ပါ။
Search Box ကနေ ခုနကပြောတဲ့ SW Version ကစာတွေကို
မမှားအောင်သေချာကြည့်ပြီး ရိုက်ထည့်ပါ.....
ကိုယ်ရိုက်ထည့်တဲ့ စာရဲ့နောက်မှာ Rom or Firmware ထည့်ရိုက်ပါ....



ကျလာတဲ့ Web Page တွေထဲမှာ အဆင်ပြေတာ တစ်ခုခုကိုဝင်လိုက်ပါ။
မပြေရင် ပြန်ထွက်ပြီး နောက်တစ်ခုဝင်ရှာပါ.....
ကျွန်တော်ရှာတဲ့ကောင်ကတော့ တွေ့ပါပြီ.....


ကျွန်တော်ရှာတဲ့ကောင်ရဲ့ ဒေါင်းရမယ့်နေရာပါ.....
မိတ်ဆွေတို့လည်းရှာလို့တွေ့ရင် ဒေါင်းပါ......



ဒေါင်းလို့ရလာတဲ့ ဖိုင်ကိုဖြည်ပါ။
ပြီးရင်သက်ဆိုင်ရာ Tool နဲ့ Firmware တင်ပါ။
ကျွန်တော်ရှာတဲ့ဖုန်းက SP Flash Tool နဲ့တင်ရမည့်ဖုန်းပါ။
SP Flash Tool နဲ့တင်နည်းကို ဒီမှာ သွားကြည့်လိုက်ပါ။
အသေးစိတ်ပုံနဲ့ရှင်းပြပေးထားပါတယ်......

နောက်တစ်နည်းက တရုတ်လုပ် Clone ဖုန်းလေးတွေ အမည်းအမျိုးမျိုးနဲ့ ထုတ်လုပ်ကြပြီးရောင်းချနေပါတယ်။

အဲ့ဒီထဲကမှ သုံးတဲ့သူတွေအတွက်Logo မှာရပ်ရင် ပူစရာမလိုပဲ
လွယ်လွယ်ကူကူ Firmware ပြန်ရှာတင်လို့ ရသလို အမည်မရှိတဲ့ တစ်ချို့ဖုန်းတွေကတော့
Firmware ရှာမရဘဲ ပစ်ထုတ်လိုက်ရတာတွေ ရှိပါတယ်။
အရင်ဆုံး သင့် လက်ထဲ ဘာဖုန်းဖြစ်ဖြစ် Firmware တင်ဖို့ရောက်လာရင်
အရင်ဆုံး သူအမည်မော်ဒယ်နံပါတ်နဲ့ လိုက်ရှာကြည့်ပါ Rom Or Firmware ရှာမတွေ့ခဲ့ပါက
အပေါ်ကပြောခဲ့တဲ့နည်းနဲ့ရှာကြည့်ပါ။
အဆင်မပြေရင်အပေါ်ခြမ်းခွာထုတ်လိုက်ပြီး
မာသာဘုတ်အမျိုးစာ နံပါတ်နဲ့ ရှာပါ ဒါဆို အလွယ် တစ်ကူ ရှာတွေ့မှာပါ


ဒီနည်းနဲ့ မိမိလိုအပ်တဲ့ Firmware များရှာဖွနေိုင်လိမ့်မယ်လို့မျော်လင့်ပါတယ်>>>>
အဆင်ပြေပါစေ

China Clone ဖုန်းများ Firmware ရှာခြင်း နှင့် Firmware ရှာရခက်သောဖုန်းများ Firmware ရှာနည်း

China Clone တွေလို့ ခေါ်တဲ့ တရုတ် Handset တွေ Firmware ကျသွားရင် ပြန်ရှာနည်းလေးပြောပြပေးလိုက်ပါတယ်။အခြားဖုန်းတွေကိုလည်း ဒီနည်းအတိုင်းရှာနိုင်ပါတယ်။
Firmware ရှာရခက်တဲ့ဖုန်းတွေအတွက်တော့ တော်တော်အသုံးဝင်စေမယ့်နည်းလေးပါ။
အားလုံးပြန်ရနိုင်တယ်လို့လည်း ကျွန်တော်အာမ မခံပါဘူး။

Monday, April 25, 2016

eMMC DL Tool အသုံးပြုပြီး Qualcom chipset သုံးဖုန်းများအား Firmware ပြန်တင်ခြင်း



eMMC DL Tool ကို အသုံးပြုပြီး Qualcom chipset သုံးဖုန်းများအား Firmware တင်ခြင်းကိုလေ့လာကြည့်ရအောင်။
အရင်ဆုံးအနေနဲ့ eMMC DL Tool လေးကို Download ရယူလိုက်ပါ။ Download ရယူပြီးရင်တော့ ပြုလုပ်ပုံလေးကို အောက်ကအဆင့်လေးတွေအတိုင်း လုပ်ဆောင်ပါ။

– eMMC DL Tool Folder ထဲက Driver ကိုအရင် install ပေးပါ။


– ဖုန်းကို Power OFF လိုက်ပါ။



– eMMC DL Tool ကိုဖွင့်လိုက်ပါ။



– eMMC DL Tool က ( … ) Button ကိုနှိပ်လိုက်ပါ။



– Browser For Folder box ကနေ Firmware ဖိုင်ရဲ့ Location ကိုရွေးပေးလိုက်ပါ။




– eMMC Dl Tool မှာ Firmware ဖိုင်ထည့်ပြီးရင်တော့ ဖုန်းကို Power + volume up + volume down တွဲနှိပ်ပြီး computer နဲ့ phone ကို ချိတ်ဆက်ပေးလိုက်ပါ။
– ပြီးရင်တော့ Port Number ကိုအောက်ကပုံလေးတွေအတိုင်း ကြည့်လိုက်ပါ။







– Port Number မှာ 22 ဆိုရင်တော့ eMMC DL Tool က 22 ဆိုတဲ့ဘေးက DL1 ဆိုတာကို နှိပ်ပေးလိုက်ပါ။



– ဒါဆိုရင်တော့ eMMC DL Tool ကနေ Firmware စတင်ပါပြီ။




eMMC DL Tool မှာ pass ပြပြီဆိုရင်တော့ Firmware တင်ခြင်းပြီးဆုံးပါပြီ။

eMMC DL Tool အသုံးပြုပြီး Qualcom chipset သုံးဖုန်းများအား Firmware ပြန်တင်ခြင်း



eMMC DL Tool ကို အသုံးပြုပြီး Qualcom chipset သုံးဖုန်းများအား Firmware တင်ခြင်းကိုလေ့လာကြည့်ရအောင်။
အရင်ဆုံးအနေနဲ့ eMMC DL Tool လေးကို Download ရယူလိုက်ပါ။ Download ရယူပြီးရင်တော့ ပြုလုပ်ပုံလေးကို အောက်ကအဆင့်လေးတွေအတိုင်း လုပ်ဆောင်ပါ။

Saturday, April 23, 2016

dload Firmware to Flashtool Firmware ( For MTK ) Huawei

Huawei ဖုန်းတွေရဲ့ MTK system သုံးဖုန်းတွေကို dload နဲ့ Firmware ကို

Flashtool Firmware အဖြစ်ပြောင်းပြီးတင်ချင်သူတွေအတွက် ပြုလုပ်နည်းလေးကို
ကျတော်တင်ပေးလိုက်ပါတယ်။ ဒီနည်းလေးကိုပြောပြခဲ့တာကတော့ ကျတော်တို့
Huawei ဖုန်းတွေကို Network unlock Tool တွေလုပ်ပေးခဲ့တဲ့ ကိုရဲကြီး ပါ။
အရင်ဆုံးလိုအပ်တာကတော့ dload file ကို ဖြည်ဖို့အတွက် Huawei Update Extractor
Tool ပါ။ အရင်ဆုံးလိုအပ်တာလေးကို Download ဆွဲလိုက်ပါ။


Huawei ဖုန်းတွေရဲ့ MTK system သုံးဖုန်းတွေကို dload နဲ့ Firmware ကို

Flashtool Firmware အဖြစ်ပြောင်းပြီးတင်ချင်သူတွေအတွက် ပြုလုပ်နည်းလေးကို
ကျတော်တင်ပေးလိုက်ပါတယ်။ ဒီနည်းလေးကိုပြောပြခဲ့တာကတော့ ကျတော်တို့
Huawei ဖုန်းတွေကို Network unlock Tool တွေလုပ်ပေးခဲ့တဲ့ ကိုရဲကြီး ပါ။
အရင်ဆုံးလိုအပ်တာကတော့ dload file ကို ဖြည်ဖို့အတွက် Huawei Update Extractor
Down လို့ရလာတဲ့ Update Extractor Tool Floder ထဲကိုကိုယ်တင်ချင်တဲ့ 
model ရဲ့ UPDATE.APP file ကိုထည့်လိုက်ပါ။

Extractor.exe လေးကို ဖွင့်လိုက်ပြီး Extract လုပ်ပေးလိုက်ပါ။ Firmware Folder တစ်ခု
ထွက်လာပါမယ်။ နောက်တစ်ဆင့်မှာ သင့်ဖုန်းပာာ MTK ဘယ်လောက်ကိုသုံးထားလဲဆိုတာ
ကိုသိရပါမယ်။ ဥပမာ – G610-U00 ဆိုရင် MT6589 ကိုသုံးထားပါတယ်။ ဒါဆိုရင်ကျတော်တို့
သူနဲ့သက်ဆိုင်တဲ့ scatter file လေးကိုတော့ Google ကနေရှာပြီး Download ရယူလိုက်ပါ။

Download ရယူပြီးရင်တော့ scatter file လေးကို dload ကို Extract လုပ်လို့ရတဲ့ Floder ထဲကို
သွားပြီး ထည့်လိုက်ပါ။ နောက်တစ်ဆင့်မှာတော့ Extract လုပ်လို့ရလာတဲ့ .img တွေကို ပြင်ပေးရပါမယ်။
ဘာမှပြင်ရတာတော့ မပာုတ်ပါဘူး။ Rename လေးပဲ change ပေးလိုက်ပါ။

ဥပမာ – 01.boot.img ဆိုပါစို့
ဒါဆိုရင် boot.img ကိုပဲယူပြီး 01. ဆိုတာကိုဖျက်ပေးလိုက်ရုံပါပဲ။ 

.img နဲ့ဆုံးတာလေးတွေကို အားလုံး Rename
change ပြီးပြီဆိုရင်တော့ ကျန်တဲ့ .img မပာုတ်တဲ့ ဖိုင်တွေဖျက်ပစ်လိုက်ပါ။

ဒါဆိုရင်တော့ သင့်မှာ Flashtool နဲ့Firmware တင်နိုင်မဲ့ Flashtool Firmware လေး ဖြစ်သွားပါပြီ။ 
Flashtool လေးဖွင့်ပြီး scatter ဖိုင်လေးနဲ့ Firmware တင်နိုင်ပါပြီ။

ကျတော်နားလည်သလောက်ကို ပြန်လည်ပြောပြပေးတာဖြစ်တာကြောင့် လွဲမှားမှု့ရှိခဲ့ရင်တော့ နားလည်ပေးစေချင်ပါတယ်။

အခက်အခဲတစ်စုံတစ်ရာ ရှိပါက 09973975427 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။ 
( ကျတော်သိသလောက် ပြောပြပေးပါမယ်။ )

အဆင်ပြေပါစေ။
Warmly Welcome

dload Firmware to Flashtool Firmware ( For MTK ) Huawei

Huawei ဖုန်းတွေရဲ့ MTK system သုံးဖုန်းတွေကို dload နဲ့ Firmware ကို

Flashtool Firmware အဖြစ်ပြောင်းပြီးတင်ချင်သူတွေအတွက် ပြုလုပ်နည်းလေးကို
ကျတော်တင်ပေးလိုက်ပါတယ်။ ဒီနည်းလေးကိုပြောပြခဲ့တာကတော့ ကျတော်တို့
Huawei ဖုန်းတွေကို Network unlock Tool တွေလုပ်ပေးခဲ့တဲ့ ကိုရဲကြီး ပါ။
အရင်ဆုံးလိုအပ်တာကတော့ dload file ကို ဖြည်ဖို့အတွက် Huawei Update Extractor
Tool ပါ။ အရင်ဆုံးလိုအပ်တာလေးကို Download ဆွဲလိုက်ပါ။

Thursday, March 24, 2016

ဖုန်းဖြင့်​apk ပြုလုပ်​နည်း

မိုဘိုင်းဖုန်းအသုံးပြုသူ​တွေတွက်​ ဖုန်းနဲ Website ​တွေကို Application ပြုလုပ်​ချင်​တဲ့သူ​တွေတွက်​ Webstit apk ​ရေးသားနည်း တင်​ဆက်​​ပေးလိုက်​ပါတယ်​။ သင့်​ Web ဘဲဖြင့်​ဖြင့်​ သင့်​အမြဲ​လေ့လာ​လေ့ရှိတဲ့ Website ​တွေကို ကိုယ်​တိုင်​ပြုလုပ်​နိုင်​ပါတယ်​။
စရ​အောင်​ဗျာ
Apk လုပ်
ဖို့တွက်​ http://web2apk.com/create.aspx ကိုအရင်​ဝင်​ပါ။

1 URL မှာ လုပ်​မည့်​ Web linkထည့်​ပါ။
2 App Tite မှာ လုပ်​မည့်​ Apk Name ထည့်​ပါ။
3 Lcon မှာ Apk တွက်​ Logo photo ထည့်​ပါ Photo က PNG ဖြစ်​ရပါမယ်​။
7 ScreenOrientation မှာ Screen အကျင်းအကျယ်​​ရွေးချယ်​ပါ။
4 WelcomeScreen မှာ Apk ကိုဝင်​တာနဲ နှတ်​ဆက်​စကား​ရေးပါ ဥပမာ (မင်္ဂလာပါ) ​ပေါ့။
5 NetworkErrorScreen မှာ အင်​တာနတ်​မရှိဘဲ Apk ထဲဝင်​ရင်​ အင်တာနတ်မရှိေ​ကြာင်း စာသား​ရေး​ပေးပါ ဥပမာ (လူကြီးမင်းဖုန်းမှာ Internet Connection မ​ကောင်းပါ ရှင်​ /ခဗျာ) ။
6 EXitScreen မှာ​တော့ Apk ကထွက်​မည်​ဆိုတဲ့ ​ကြောင်းကိုစာသား​ရေး​ပေးပါ ဥပမာ ( အပြင်​ထွက်​မည်​ဆိုပါက Ok နှိပ်​​ပေးပါ) ဒီလိုမျိုး​ပေါ့။
7 Off-siteLinks မှာ​တော့ဘာမှ မ​ရေးလည်းရပါတယ်​။
လုပ်​​ဆောင်​ရမည့်​အချက်​​တွေ 7 ချက်​ပါ ပြီးရင်​​တော့ ​အောက်​ဆုံးက CREATE MY APP ကိုနှိပ်​ပြီး
အခုလုပ်​လိုက်​တဲ့ သင့်​ app ကို​ဒေါင်းဖို့ ​အောက်​ဆုံးမှာ Downloads link ​ပေးပါမယ်​ Downloads link က erro ပြ​​နေရင် အချက်အလက်ေ​တွ မမှန်​သေးလို့ပါ အချက် (၇)ချက်ကို​မှန်​အောင်လုပ်ပါ ​​​အဲ့ link က apk ကို​ဒေါင်းပြီးရင်​ သင့်​ကိုယ်​ပိုင်​ Website Application တစ်​ခုရရှိပြီဖြစ်​ပါတယ်​။
အားလုံးအဆင်​​ပြေကြပါ​စေ။
အာကာ (Software Guide)

ဖုန်းဖြင့်​apk ပြုလုပ်​နည်း

မိုဘိုင်းဖုန်းအသုံးပြုသူ​တွေတွက်​ ဖုန်းနဲ Website ​တွေကို Application ပြုလုပ်​ချင်​တဲ့သူ​တွေတွက်​ Webstit apk ​ရေးသားနည်း တင်​ဆက်​​ပေးလိုက်​ပါတယ်​။ သင့်​ Web ဘဲဖြင့်​ဖြင့်​ သင့်​အမြဲ​လေ့လာ​လေ့ရှိတဲ့ Website ​တွေကို ကိုယ်​တိုင်​ပြုလုပ်​နိုင်​ပါတယ်​။
စရ​အောင်​ဗျာ
Apk လုပ်
ဖို့တွက်​ http://web2apk.com/create.aspx ကိုအရင်​ဝင်​ပါ။

Android ဖုန်းထဲတွင်​ Android App ဖန်​တီးခြင်း

Credit ​ဇေယျာလင်း
ကိုယ်ပိုင် ​​Android App တခုဖန်​တီးဖို့ လိုအပ်​ချက်​​တွေ အများကြီး ရှိပါတယ်​။ အခု​ပြောမှာက ကိုယ်​ပိုင်​ Android Phone,Table ​ပေါ်မှာ apkတခု ဖန်​တီး​ဖို့ လမ်းညွန်​ပြသသွားမှာပါ။ Computer ​ပေါ်မှာ ​ရေးတဲ့ Android Apk ​လောက်​ အဆင့်​မြင့်​​ပေ​မယ့်​ လက်​​တွေ့ Android Phone ​ပေါ်မှာ သုံး​နေတဲ့ Apk အ​သေးစား​လောက်​​တော့ ​ဖန်​တီးလို့ရပါတယ်​။

လိုအပ်​တာ​တွေက
1.Android Phone(or)Table
2.AIDE Apk
3.App UI Graphic Apk
4.AIDE Premium Key Apk
တို့ဖြစ်​ပါသည်​။
   
1.Android Phone(or)Table
           Apk တခု​ဖန်​တီးဖို့ Android Phone(or)Table ကို အသုံးပြုရပါမည်​။
2.AIDE Apk
          Android Apk တခုဖန်​တီးဖို့ AIDE Apk ကို အသုံးပြု၍ ​ရေးသားသွားမှာပါ။
3.App UI Graphic Apk
            AIDE တွင်​ ​ရေးထားတဲ့ apkကို design ပြုလုပ်​ဖို့ အသုံးပြုပါမည်​။
4.AIDE Premium Apk
          AIDE တွင်​ apk တခု​ရေးရာတွင်​ AIDE Premium Apk ကို install လုပ်​ထားရန်​ ဖြစ်​ပါသည်​။
လိုအပ်​​သော Apk ကို ​မူရင်း siteတွင် ​​​ ​ဒေါင်းလုပ်​ဆွဲရန်​ ​အောက်​ကလင့်​က​နေ ဝင်​ပါ။
Myanmar Android Development Tutorials : Android ဖုန်းထဲတွင်​ Android App တခုဖန်​တီးခြင်း
http://www.myanmarandroiddev.blogspot.in/2015/01/android-android-app.html?m=1
.
ဆက်​လက်​ပြီး app ဖန်တီးရာတွင် အသုံးပြုမည့် app များကို အသုံးပြုနည်းနှင့် appများ အမျိုးမျိုး ဖန်တီးပြုလုပ်ပုံများကို
မူရင်းblog အတိုင်း ဝင်ရောက်လေ့လာ နိုင်အောင် ဆက်လက်ညွှန်ပြထားပါတယ်။
AIDE APK အသုံးပြုနည်း
http://www.myanmarandroiddev.blogspot.in/2015/01/aide-apk.html?m=1
Android App ထဲတွင်​ရှိ​သော folder ​တွေရဲ့ လုပ်​​ဆောင်​ချက်​များ
http://www.myanmarandroiddev.blogspot.in/2015/01/android-app-folder.html?m=1
. Myanmar Android Development Tutorials : EditText Apk
http://www.myanmarandroiddev.blogspot.in/2015/01/edittext-apk.html?m=1
. Myanmar Android Development Tutorials : Website/Blog Url Apk
http://www.myanmarandroiddev.blogspot.in/2015/01/websiteblog-url-apk.html?m=1
. Myanmar Android Development Tutorials : Website/Blog Url Apk(Button Click)
http://www.myanmarandroiddev.blogspot.in/2015/01/websiteblog-url-apkbutton-click.html?m=1
. Myanmar Android Development Tutorials : Website View Apk
http://www.myanmarandroiddev.blogspot.in/2015/01/website-view-apk.html?m=1
. Myanmar Android Development Tutorials : Calling Apk
http://www.myanmarandroiddev.blogspot.in/2015/01/calling-apk.html?m=1
. Myanmar Android Development Tutorials : Dial Call Apk
http://www.myanmarandroiddev.blogspot.in/2015/01/dial-call-apk.html?m=1
Myanmar Android Development Tutorials : Flashlight Apk (ဓာတ်​မီး)
http://www.myanmarandroiddev.blogspot.in/2015/01/flashlight-apk.html?m=1
. Myanmar Android Development Tutorials : Balance Check Apk
http://www.myanmarandroiddev.blogspot.in/2015/01/balance-check-apk.html?m=1
. Myanmar Android Development Tutorials : Balance Check Apk(Button Click)
http://www.myanmarandroiddev.blogspot.in/2015/01/balance-check-apkbutton-click.html?m=1
. Myanmar Android Development Tutorials : Toast Apk
http://www.myanmarandroiddev.blogspot.in/2015/01/toast-apk.html?m=1
. Myanmar Android Development Tutorials : Web Search Apk
http://www.myanmarandroiddev.blogspot.in/2015/01/web-search-apk.html?m=1
. Myanmar Android Development Tutorials : Android From Fitst Screen To Second Screen Activity
http://www.myanmarandroiddev.blogspot.in/2015/01/android-from-fitst-screen-to-second.html?m=1
. Myanmar Android Development Tutorials : Text Left To Right Moving Apkhttp://www.myanmarandroiddev.blogspot.in/2015/05/text-left-to-right-moving-apk.html?m=1
အဆင်ပြေကြပါစေ။

Android ဖုန်းထဲတွင်​ Android App ဖန်​တီးခြင်း

Credit ​ဇေယျာလင်း
ကိုယ်ပိုင် ​​Android App တခုဖန်​တီးဖို့ လိုအပ်​ချက်​​တွေ အများကြီး ရှိပါတယ်​။ အခု​ပြောမှာက ကိုယ်​ပိုင်​ Android Phone,Table ​ပေါ်မှာ apkတခု ဖန်​တီး​ဖို့ လမ်းညွန်​ပြသသွားမှာပါ။ Computer ​ပေါ်မှာ ​ရေးတဲ့ Android Apk ​လောက်​ အဆင့်​မြင့်​​ပေ​မယ့်​ လက်​​တွေ့ Android Phone ​ပေါ်မှာ သုံး​နေတဲ့ Apk အ​သေးစား​လောက်​​တော့ ​ဖန်​တီးလို့ရပါတယ်​။

Sunday, March 20, 2016

Samsung ဖုန်း အတုအစစ်ရွေးချယ်နည်း

မင်္ဂလာပါ

ကျွန်နော် သည်နေ့ ရေးဖြစ်တဲ့ အကြောင်းရာလေးကတော့ Samsaung Phone ပိုင်ရှင်တွေအတွက် မိမိတို့ ဖုန်းဟာ ဘယ်နိုင်ငံကထုတ်ပါလဲ... အတုလားအစစ်လားဆိုတာ အနီးစပ်ဆုံး စမ်းသတ် နိုင်မဲ့ နည်းလမ်းလေးတွေ ကို သိသလောက်ပြန်လည် တင်ပြ ဝေမျှလိုက်ပါတယ်...
ဖုန်းဝယ်တော့မယ်ဆိုရင် ဖုန်းဆိုင်မှာပဲ Original စစ် မစစ်၊ ဖုန်းရဲ့ Quality အရည်သွေး ကောင်း မကောင်း မိမိကိုယ်တိုင် စစ်ဆေးနိုင်ဖို့ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းလေးတွေကို သိထားဖို့ အမှန်တကယ်လိုအပ်ပါတယ်.. ဒါကြောင့် အောက်မှာ လေ့လာလိုက်ပါနော်...
မိမိဝယ်လိုက်တဲ့ ဖုန်းဟာ Quality ပြည့်ပြီး Original ဖုန်းစစ်မစစ်ကို မျက်လုံးနဲ့ ကြည့်ရုံနဲ့ မသိနိုင်ပါဘူး။ အခုခေတ်မှာ ပုံတူပွားပြီး ထုတ်ထားတဲ့ Clone ဖုန်းတွေကလည်း အများသားပဲလေ။ ဒါ့ကြောင့် ကိုယ့်ရဲ့ဖုန်းဟာ Original ဖုန်းစစ်မစစ်ကို စမ်းသပ်ကြည့်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
ပထမဆုံးအနေနဲ့ *#06# ကို ရိုက်ပြီး Call လုပ်လိုက်ပါ။ အဲဒီမှာ နိုင်ငံတကာ မိုဘိုင်းဖုန်း တပ်ဆင်ခြင်းဆိုင်ရာခွင့်ပြုချက်အမှတ် (International Mobile Equipment Identity - IMEI) ဂဏန်း ၁၅ လုံး ထွက်ပေါ်လာတာကို မြင်တွေ့ ရမှာပါ။ ဥပမာအားဖြင့်ပေါ့ 4 3 4 5 6 6 1 0 6 7 8 9 4 3 5 ဆိုပါစို့။ အဲဒီ ဂဏန်း ၁၅ လုံးထဲက (၇) ကြိမ်မြောက်နဲ့ (၈) ကြိမ်မြောက်ဂဏန်းဟာ-ထုတ်လုပ်တဲ့ နိုင်ငံကို ဖေါ်ပြထားခြင်းဖြစ်ပါတယ်.. အောက်မှာ ဖေါ်ပြလိုက်ပါတယ်.....။

မိမိတို့ဖုန်းကို call ကနေ *#06# ဆိုတာရေးလိုက်ပါ ကျလာတဲ့ IMEI နံပါတ်တွေကိုကြည့်ပါ...။

(၁) 02 (သို့မဟုတ်) 20 ဖြစ်မယ်ဆိုရင် သင့်ရဲ့ဖုန်းက တရုတ်နိုင်ငံထုတ် အနိမ့်ဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးဖြစ်တယ် ဆိုတာ ဖော်ပြနေတာပါပဲ။

(၂) 08 (သို့မဟုတ်) 80 ဖြစ်မယ်ဆိုရင် သင့်ရဲ့ ဖုန်းကို ဂျာမနီမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပိုင်းမှာတော့ အသင့်အတင့်ရှိနေပါတယ်။ အဆိုးဆုံးတော့ မဟုတ်ပါဘူး။

(၃) 01 (သို့မဟုတ်) 10 ဖြစ်မယ်ဆိုရင် သင့်ရဲ့ ဖုန်းကို ဖင်လန်နိုင်ငံမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပြည့်တဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။

(၄) 00 ဖြစ်မယ်ဆိုရင်တော့ သင့်ရဲ့ဖုန်းက မူရင်းစက်ရုံမှာ ထုတ်လုပ်တယ်ဆိုတာကို ဖော်ပြနေပါတယ်။ အကောင်းဆုံး Quality ရှိတဲ့ဖုန်းလို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

(၅) 05 (သို့မဟုတ်) 50 ဖြစ်မယ်ဆိုရင် ကိုရီးယားနိုင်ငံထုတ်ဖြစ်ပြီး၊ 03 (သို့) 30၊ 04 , 40၊ 06 , 60 ဖြစ်မယ်ဆိုရင် ဗီယမ်နမ်၊ စင်္ကာပူ၊ ထိုင်ဝမ် တို့မှာထုတ်လုပ်ပြီး Quality အတော်ကောင်းတဲ့ဖုန်းဖြစ်နေပါပြီ။

(၆) 13 သို့မဟုတ် 31 ဖြစ်မယ်ဆိုရင်တော့ သင့်ရဲ့ဖုန်းဟာ အဆိုးရွားဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။ အဆိုးဆုံးကတော့ အဲဒီဖုန်းဟာ သင့်ရဲ့ကျန်းမာရေး အတွက် အန္တရာယ်အရှိဆုံး ဖုန်းတစ်လုံးဖြစ်တာကြောင့် စွန့်လွှတ်ဖို့ ၀န်မလေးနေပါနဲ့။
နောက်ထပ် ဆက်လက် စမ်းသတ်လိုပါက.. မိမိတို့ဖုန်းမှာ *#0*# ကို call ပါ။ Original
စစ်ရင် colour လေးတွေပေါ်လာမယ်။ font camera တို့ speaker တို့အစရှိသဖြင့် ဖုန်းတလုံးရဲ့ အရေးကြီးအစိတ်ပိုင်းတွေပါ စမ်းသပ်နိုင်ပါတယ်။

ဆက်လက်ပြီး sensor ကိုနှိပ်ဝင်ပြီး image test နှိပ်ပေးရင် ခွေးပုံလေး
ပေါ်လာလိမ့်မယ် အတုဆိုရင် မပေါ်ပါဘူး ဒါကလည်း စစ်ဆေးဖို့ လွယ်ကူပါတယ်...

နောက်ဆုံး မဖြစ်မနေ စစ်ဆေးရမဲ့ နည်းလမ်းကတော့ မိမိတို့ ၀ယ်မဲ့ဖုန်ူးက Font Style ဆိုတာပါကိုပါရပါမယ် Samsaung Phone အစစ်မှန်ရင်ပါရမှာဖြစ်ပါတယ်.. ဒါကြောင့်
Phone Seting >> Display >> Font >> Font Style ဆိုတဲ့တိုင်း ၀င်ကြည့်လိုက်ပါ...မပါဘူးဆို ဆမ်ဆောင်းဖုန်း မစစ်ပါဘူးဗျာ..

နောက်ဆုံး စမ်းသတ်ဖို့လိုအပ်တာကတော့ မိမိတို့ ဖုန်းကို Download Mode သာဝင်ကြည့်လိုက်ပါ ဖုန်းအတုတွေမှာ လုံးဝ မပါပါဘူး… ဖုန်းအစစ်တွေမှသာလျှင် Download Mode ဆိုတာပါတာဖြစ်ပါတယ်…

အထက်မှာ ဖော်ပြထားတဲ့ ကိန်းဂဏန်းတွေအပြင် အခြားနိုင်ငံတွေရဲ့ ကုဒ်နံပါတ်တွေရှိပါသေးတယ်။ ဖော်ပြထားတဲ့ ကုဒ်နံပါတ်တွေက ထင်ရှားတဲ့ နံပါတ်တွေကိုပဲ ဖော်ပြထားတာဖြစ်ပါတယ်။ ဒါဆိုရင် သင့်ရဲ့ဖုန်းက Quality ပြည့်မပြည့် Original စစ်မစစ်ဆိုတာ စမ်းသပ် စစ်ဆေးနိုင်ပြီလို့ မျှော်လင့်မိပါတယ်။ အားလုံး စစ်မှန်၊ အရည်သွေးမြင့်ဖုန်းတလုံးပိုင်ဆိုင်နိုင်ပါစေ။ သည်နည်းလမ်းလေးကို ကျွန်တော် အမြဲ Note Pad နဲ့သိမ်းထားပါတယ်.. မေးတဲ့သူရှိတိုင်း ကိုယ်တိုင်ဝယ်တိုင်းလည်း သည်နည်းလေးနဲ့ စမ်းသပ်ခဲ့ပါတယ်

Credit >>> သက်ဆိုင်သူ

အဆင်ပြေပါစေ
Kyaukse

Samsung ဖုန်း အတုအစစ်ရွေးချယ်နည်း

မင်္ဂလာပါ

ကျွန်နော် သည်နေ့ ရေးဖြစ်တဲ့ အကြောင်းရာလေးကတော့ Samsaung Phone ပိုင်ရှင်တွေအတွက် မိမိတို့ ဖုန်းဟာ ဘယ်နိုင်ငံကထုတ်ပါလဲ... အတုလားအစစ်လားဆိုတာ အနီးစပ်ဆုံး စမ်းသတ် နိုင်မဲ့ နည်းလမ်းလေးတွေ ကို သိသလောက်ပြန်လည် တင်ပြ ဝေမျှလိုက်ပါတယ်...
ဖုန်းဝယ်တော့မယ်ဆိုရင် ဖုန်းဆိုင်မှာပဲ Original စစ် မစစ်၊ ဖုန်းရဲ့ Quality အရည်သွေး ကောင်း မကောင်း မိမိကိုယ်တိုင် စစ်ဆေးနိုင်ဖို့ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းလေးတွေကို သိထားဖို့ အမှန်တကယ်လိုအပ်ပါတယ်.. ဒါကြောင့် အောက်မှာ လေ့လာလိုက်ပါနော်...

အလွယ်ဆုံး အမြန်ဆုံး နည်းလမ်းဖြင့် Samsung ဖုန်း Android Version မြင့်တင်နည်း


Android Version နိမ့်နေလို့ မြင့်ချင်တဲ့သူက ဒီနည်းကအလွယ်ဆုံး အမြန်ဆုံးပါ
မိနစ် 20 လောက်ပဲကြာပါတယ် ။ လေ့လာစမ်းသပ် လိုသူ အောက်ကနည်းကို
တစ်ဆင့်ချင်းသေချာဖတ်ပီး လုပ်ကြည့်ပါ ။

၁- Version မြင့်ဖို့  ကွန်ပျူတာထဲကို Kies ဆော့ဝဲထည့်ထားပါ( တချို့ ဖုန်းမှာ
အခွေလေးနဲ့ ပါလာတတ်ပါတယ် မပါလာရင် Download ယူလိုက်ပါ

၂- Kies ထည့်ပီးရင် ဖုန်းကို ပါဝါပိတ်ပါ ပီးရင် ကွန်ပျူတာနဲ့ ချိန်ပြီးတော့
ဖုန်းပါဝါကိုလည်း ဖွင့်ပါ ကွန်ပျူတာထဲက Kies ဆော့ဝဲကိုလည်းဖွင့်



၃ -ခဏစောင့်လိုက် ဖုန်းနဲ့  Kies ချိတ်နေပါလိမ့်မယ် ချိတ်တာနဲ့ ဖုန်းအတွက်
Version မြင့်မလား မေးပါလိမ့်မယ် အသစ်ထွက်တယ်ဆို တက်လာပါတယ်
ဖုန်းတစ်ခုနဲ့ တစ်ခုမတူပါဘူး ။ အင်တာနက်လိုင်းလည်း အသင့်တင့်ရှိရင်
သူ့ ဟာသူ Offical Firmware ဒေါင်းပြီး မြင့်ပါလိမ့်မယ်



၎- မြင့်နေစဉ်မှာ ကွန်ပျူတာကို မသုံးပဲ စောင့်ပါ။ပြိုင်တူသုံးလျှင် Error တက်ပီ
မပြီးတာဖြစ်တတ်ပါတယ် ။အဲ့လိုဖြစ်လျှင် ပြန်သုံးဖို့ Backup ယူထားချင်ရင်
ရပါတယ် ။ အဆင်ပြေသလိုစမ်းကြည့်ပါ။ ကျနော်စမ်းတာ အားလုံး OK..။



Kies အသုံးပြုနည်း ဒီမှာကြည့် - http://www.samsung.com/kies tutorial

အလွယ်ဆုံး အမြန်ဆုံး နည်းလမ်းဖြင့် Samsung ဖုန်း Android Version မြင့်တင်နည်း


Android Version နိမ့်နေလို့ မြင့်ချင်တဲ့သူက ဒီနည်းကအလွယ်ဆုံး အမြန်ဆုံးပါ
မိနစ် 20 လောက်ပဲကြာပါတယ် ။ လေ့လာစမ်းသပ် လိုသူ အောက်ကနည်းကို
တစ်ဆင့်ချင်းသေချာဖတ်ပီး လုပ်ကြည့်ပါ ။

Samsung ဖုန်းကိုင်သူများ ဖုန်း Phone Setting တစ်ခုလုံး မြန်မာစာ ပြောင်းချင်သူအတွက် Samsung Zawgyi Enabler

ဒီဆော့ဝဲကတော့ ဖုန်းတစ်ခုလုံးကို မြန်မာစာနဲ့ ပေါ်စေတာမလို့ မိုက်တယ်
မြန်မာစာမမှန်တာ အပြည့်မပေါ်တာ ဖတ်မရတာ မဖြစ်တော့ပဲ အားလုံးကို
Myanmar Language ပြောင်းပစ်တာ စမ်းချင်ရင် အောင်ကလင့်မှာယူပါ

Samsung ဖုန်းကိုင်သူများ ဖုန်း Phone Setting တစ်ခုလုံး မြန်မာစာ ပြောင်းချင်သူအတွက် Samsung Zawgyi Enabler

ဒီဆော့ဝဲကတော့ ဖုန်းတစ်ခုလုံးကို မြန်မာစာနဲ့ ပေါ်စေတာမလို့ မိုက်တယ်
မြန်မာစာမမှန်တာ အပြည့်မပေါ်တာ ဖတ်မရတာ မဖြစ်တော့ပဲ အားလုံးကို
Myanmar Language ပြောင်းပစ်တာ စမ်းချင်ရင် အောင်ကလင့်မှာယူပါ

android ဖုန်း၏လျှို့ ဝှက်ချက်များ

ဖုန်းကိုင်ထားသော ကိုကို ၊ မမ များ သိထားသင့်သော အကြောင်းအရာလေးများ မိုဘိုင်းဖုန်း တစ်လုံး၏ လျှို့ဝှက်ချက် ငါးခု လူအများ စုဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့ အသုံးဝင်မှု လျှိုဝှက်တွေကို သိရှိသူတွေ အလွန် နည်းပါးနေ ပါတယ်။ ကိုင်နေတဲ့လူ အများစုဟာ ဖုန်းတစ်လုံးရဲ့ အသုံးဝင်မှုကို အများအားဖြင့် Camera, Music, Bluetooth, FM, Radio. Alarmနဲ့ Game အစ ရှိတာ...တွေ လောက်သာ အသုံးပြုနေကြတာများပါတယ်။ ဒါကြောင့် .......
ဒီထက်ပိုပြီး အသုံးဝင်မှုနဲ့ လျှို့ချက် အနည်း ငယ်ကို ဖော် ပြပေးလိုက်ပါတယ်။ (၁) အရေးပေါ် ကွန်ရက်ရှာရန် Keypad ကို Locked လုပ်ထား ရင်တောင် မိုဘိုင်းဖုန်းတွေဟာ 122 ဆိုတဲ့ နံပါတ်ကိုနှိပ်လို့ ရတာ တွေ့ရ ပါတယ်။ ဒီနံပါတ်ဟာ တစ်ကမ္ဘာလုံးဆိုင်ရာနိုင်ငံတကာ အရေးပေါ်ဖုန်းနံ ပါတ်ဖြစ်ပါတယ်။မိုဘိုင်းဖုန်းတွေရဲ့ ဆက်သွယ်မှု ဧရိယာထဲ မှာရှိရင် ဒီနံပါတ် ကို နှိပ်လိုက်တာနဲ့ ဖုန်းဟာအနီးဆုံး ဆက်သွယ်မှုကွန်ရက်ကို အလိုအလျောက် ရှာမှာဖြစ် ပါတယ်။ ဒီနံပါတ်ဟာမိုဘိုင်း ဖုန်းရဲ့ခလုတ်တွေကို ပိတ်ထားရင် တောင်နှိပ်လို့ရနေမှာဖြစ်ပါတယ်။ (၂) ဘက်ထရီ အရေးပေါ် အားကုန်ရင် မိုဘိုင်းဖုန်းတွေမှာ ဖုန်းအသုံး ပြုရင်းဘက်ထရီအားနည်းလာပြီဆို ရင်*3370# ကို နှိပ်လိုက်တာနဲ့ ဖုန်းတွေမှာအရေးပေါ်သုံးဖို့ချန်ထားတဲ့  ဓာတ်အားကို ပြန်ဖွင့်ပေးမှာဖြစ်လို့ ဖုန်းမှာဘက်ထရီထက်ဝက်အား ပြန်ပြည့်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ နောက်တစ်ကြိမ် မိုဘိုင်းဖုန်းဘက်ထရီအားပြန်ဖြည့်တဲ့အခါမှာ သာမာန်နဲ့ အရေး ပေါ်သုံး နှစ်မျိုးစလုံးအတွက် ဘက်ထရီအားကို အလိုလျောက်အား ပြန်ဖြည့်မှာဖြစ်ပါတယ်။ဒီနည်းဟာ လူအများစုအတွက် အသုံးဝင်စေမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။ (၃) ကားသော့ကျန်ခဲ့ရင် အဝေးထိန်း စနစ် တပ်ဆင်ထား တဲ့ ကားအသုံးပြုသူ တွေအတွက် ကား ထဲမှာ သော့ကျန်ခဲ့ခြင်း၊ အပိုသော့တစ် ချောင်းအိမ်မှာ ကျန်ရှိနေ ခြင်းဖြစ်ပေါ် ကြုံလာပါက မိုဘိုင်းဖုန်း တစ်လုံးရှိရုံနဲ့ အဆင်ပြေတာကိုတွေ့ရမှာပါ။အသုံး ပြုပုံကတော့ အိမ်မှာ ရှိတဲ့လူတစ် ယောက်ဖုန်းကို မိမိမိုဘိုင်းဖုန်းနဲ့ လှမ်းခေါ်ပြီး တစ်ဖက်လူနဲ့ အဆက်အသွယ်ရရင် အိမ်ကလူကို ကားသော့ ဖွင့်တဲ့ခလုတ်ကို ဖုန်းအနားကပ်ပြီးနှိပ် ခိုင်းလိုက်ရုံနဲ့ ကားတံခါးပွင့်သွားမှာ ဖြစ်ပါတယ်။ မိမိရဲ့ ဖုန်း ကိုတော့ကား နားမှာ ထားရှိရမှာ ဖြစ်ပါတယ်။ ဒီနည်းဟာ မိမိအတွက် ပင်ပန်းမှုမရှိပဲ အဆင်ပြေစေမယ့်နည်းလမ်းတစ်ခုဖြစ် ပါတယ်။ (၄) မိုဘိုင်းဖုန်း အခိုးခံရရင် မိမိရဲ့မိုဘိုင်းဖုန်းဟာ ကျပျောက် ခြင်း၊ မေ့ကျန်ခြင်းနဲ့ အခိုးခံရခြင်းအ စရှိတဲ့အကြောင်းတစ်ခုခု ကြောင့်ပျောက်ဆုံးသွားလို့ ပြန်မရနိုင်တော့ ဘူးဆိုရင် အဲဒီဖုန်းကတ်ကို ဖျက်ဆီး ပြစ်လို့ရပါတယ်။ ပထမဦးဆုံး အနေနဲ့ ဖုန်းရဲ့နံပါတ်စဉ်သိဖို့ *#06# ကိုနှိပ်ပါ။ အဲဒီအခါ မှာ ဂဏန်း(၁၅)လုံးပေါ်လာမှာဖြစ်ပါတယ်...........။ အဲဒီဂဏန်းတွေဟာ မိမိဖုန်း ရဲ့သီးသန့်နံပါတ်တွေပါ။ ဒီဂဏန်းတွေ ကို ပထမဆုံးသိရှိထားဖို့တော့ လိုအပ်မှာပါ..............။ ကိုယ့်ဖုန်းပျောက်ဆုံးသွားတဲ့ နေ့မှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ကိုဖုန်းဆက်ပြီး ကုတ်နံပါတ်ပြော၍ ဖုန်းပိတ် ခိုင်းနိုင်ပါ တယ်။ တကယ်လို့် ခိုးသူဟာ Simcard ကို မထုတ်ရ သေးခင် တိုင်တန်းမယ် ဆိုရင် Simcard ရော ဖုန်းကိုပါ Disable လုပ် နိုင်မှာ ဖြစ်လို့မိမိဖုန်းထဲကဖုန်းနံပါတ် စာရင်းတွေကို တခြားသူမသိအောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။ (၅) Nokia ရဲ့ ဖုန်းကုတ်နံပါတ် မိုဘိုင်းဖုန်းတွေရဲ့ကုတ်နံပါတ်တွေဟာ တစ်ခုနဲ့တစ်ခုတူညီမှုမရှိကြ ပါဘူး။ ဒါပေမဲ့Nokia ဖုန်း အသုံးပြု မယ့်သူတွေအတွက် ကုတ်နံပါတ်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ကုတ်နံပါတ်တွေအနေနဲ့IMEI (International Mobile Equipment Identity) ကိုကြည့်မယ်ဆိုရင်တော့ *#06# ကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။ LCD Display ကို ပိုပြီး ရှင်းလင်းပြတ် သားစွာ မြင်ချင်တယ်ဆိုရင် *#67705646# ကိုနှိပ်ပြီးကြည့်ရှုနိုင် ပါတယ်။ ဖုန်းမှာ အသုံးပြုထားတဲ့ ဟန်းဆက်ရဲ့ ဆော့ဖ်ဝဲ Version ကို ကြည့်မယ်ဆိုရင်တော့ *#0000# ကို နှိပ်ပြီးကြည့်နိုင်ပါတယ်။ Blue tooth device တွေရဲ့တည်နေရာကိုကြည့်ချင်တယ်ဆိုရင် *#2820# ကိုနှိပ်ပြီးကြည့်နိုင်ပါတယ်။ဖုန်းရဲ့ထုတ်လုပ်တဲ့အချိန် ထုတ်လုပ်ခဲ့တဲ့ Serial Number နှင့် ဖုန်းကိုနောက်ဆုံးဘယ်အချိန် မှာပြုပြင်ခဲ့တယ်ဆိုတဲ့အကြောင်းအ ရာနဲ့ ဖုန်း lifetime ကိုသိရှိလိုရင်တော့ *#92702689# ကို ရိုက်နှိပ်နိုင်ပါတယ်။ မှတ်သားထားသော ဖုန်းနံပါတ်များ ကို ချေဖျက် ချင်ပါက *# 3925538# ကို နှိပ်ပြီး ဖျက်နိုင်ပါတယ်။ Series 60 ဖုန်းတွေအတွက်တော့*#737092 5538# ကိုနှိပ်ပြီး ဖုန်းကို reset lockလုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဖုန်းပြန်တက် လာတဲ့အချိန်မှာ defultcode 12345 ကိုရိုက်ထည့်လိုက်ရင် ဖုန်းပြန်ပွင့်သွား မှာ ဖြစ်ပါတယ် မိုဘိုင်းလ် ဖုန်းတစ်လုံးအားကျွန်းကျင်စွာကိုင်တွယ်နိုင်ပါစေ။

android ဖုန်း၏လျှို့ ဝှက်ချက်များ

ဖုန်းကိုင်ထားသော ကိုကို ၊ မမ များ သိထားသင့်သော အကြောင်းအရာလေးများ မိုဘိုင်းဖုန်း တစ်လုံး၏ လျှို့ဝှက်ချက် ငါးခု လူအများ စုဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့ အသုံးဝင်မှု လျှိုဝှက်တွေကို သိရှိသူတွေ အလွန် နည်းပါးနေ ပါတယ်။ ကိုင်နေတဲ့လူ အများစုဟာ ဖုန်းတစ်လုံးရဲ့ အသုံးဝင်မှုကို အများအားဖြင့် Camera, Music, Bluetooth, FM, Radio. Alarmနဲ့ Game အစ ရှိတာ...တွေ လောက်သာ အသုံးပြုနေကြတာများပါတယ်။ ဒါကြောင့် .......

ဖုန်း System တစ်ခုလုံးကို Backup & Restore လုပ်ဖို့ရန်အကောင်းဆုံး ဆော့ဝဲများနဲ့ အသုံးပြုနည်း အပြည့်အစုံ



မင်္ဂလာပါ
ကျနော် ဒီပိုစ့်လေးကို တင်ပေးချင်နေခဲ့တာကြပါပြီ
ဖြစ်နိုင်ရင် တစ်ခုချင်းစီရဲ့ အသုံးပြုနည်းကို အသေးစစ်
ရှင်းပြသွားချင်တာပါ အခုတော့ အချိန်သိပ်မရတော့တာနဲ့ အားလုံးပေါင်းပြီး ပိုစ့်တစ်ခုတည်းမှာ ဖတ်လို့ရအောင် ကြိုးစားပေးလိုက်ပါတယ်။


အခုကျနော် ပြန်လည်မျှဝေလိုက်တဲ့ နည်းပညာလေးဟာ စမတ်ဖုန်းကို ကိုင်ဆောင်ထားတဲ့ သူတိုင်း လုံးဝသိထားသင့်တဲ့ပညာရပ်ဖြစ်ပါတယ်။

ကျနော်ရင်ထဲတော့ဗျာ ဆိုက်ကလေးလာရောက်အားပေးကြတဲ့
ချစ်ပရိတ်သတ်ကြီးများနဲ့ ၀ါသနာတူ လာရောက်ကြည့်ရှုကြတဲ့
ညီအကိုတွေကို တကယ်သိစေချင်တယ် တတ်စေချင်ပါတယ်

တကယ်သိစေချင် တတ်စေချင်တယ်ဆိုပေမယ့် ပြောပြရုံလောက်နဲ့
ပြီးတော့ ပုံလေးတွေကို Tutorial အဖြစ် ရှင်းပြထားရုံလေးနဲ့တော့
လေ့လာခါစ သူတွေအတွက် မလုံလောက်သေးဖူးလို့ ထင်ပါတယ်။

မိမိအတွက် တကယ်လိုအပ်တဲ့ ပညာရပ်တစ်ခုဖြစ်တယ်
ပြီးတော့ သိထားရမယ့် အပိုင်း တတ်ထားမှ ရမယ်လို့
သဘောထားခဲ့ရင်တော့ မအားတဲ့ ကိုင်ပိုင်အချိန်လေးထဲက
ပေးဆပ်မှု ကြိုးစားမှု ထပ်ခါတလေ့လေ့ အားထုပ်မှုတွေက
ပိုပြီး အရေးကြီးလိမ့်မယ်လို့ ကျနော် အကြံပြု ချင်ပါတယ်ခင်ဗျား...

အခုကျနော် ရှင်းပြသွားမယ့် Tutorial လေးကတော့
ဖုန်း System တစ်ခုလုံးကို ပြောရရင်တော့ ဖုန်းတစ်ခုလုံးကို
ကွန်ပျူ တာမှာ Backup & Restore လုပ်နိုင်တဲ့ ဆော့ဝဲတွေနဲ့
အလွယ်တကူ Backup & Restore လုပ်ယူနည်းဖြစ်ပါတယ်။

ဘာကြောင့် Backup & Restore လုပ်ရသလဲ
========================
ဒီနေရာမှာ Official ရဲ့ Original Description ကိုဘာသာ
ပြန်ပြီး မရှင်းပြနေတော့ပါ ကျနော် နားလည်သလို ရမ်းသန်း
ရှင်းပြသွားမှာပဲ ဖြစ်ပါတယ်။

ဖုန်းနဲ့ /Tablet ကို Backup လုပ်တယ်ဆိုတာ မိမိအသုံးပြုနေတဲ့
ဖုန်းက မိမိလိုချင်တဲ့ပုံစံအတိုင်း အနေအထားမျိုးဖြစ်နေတယ်ဆိုပါတော့
အဲဒါကို ဘယ်လိုအကြောင်းအမျိုးကြောင့်ပဲဖြစ်ဖြစ် ပျ က်စီးဆုံးရှုံး
မသွားစေချင်ဘူး တကယ်လို့ ပျက်စီး ဆုံးရှုံးသွားမယ်ဆိုရင်လည်း
ပြန်လည်ရယူနိုင်အောင်ဆိုပြီး Backup လုပ်ထားဖြစ်ပါတယ်။

နားလည်အောင်ပြောရရင်တော့ မူရင်းပစ္စည်းတစ်ခုကို Copy
ပွါးယူထားပြီး လုံခြုံ မယ့်တစ်နေရာမှာ သိမ်းဆည်းထားခြင်းတစ်မျိုးဖြစ်ပါတယ်။

အခုကျနော်တို့ ရေးနေတဲ့ Blogger Template ဆိုရင်လည်း ဒီလိုပါပဲ
Backup မကြာခနလုပ်ထားရပါတယ် ဘာကြောင့်လဲဆိုတော့
တကယ်လို့ ကိုယ့်က လှချင်လွန်းလို့ ကလစ်လိုက်တော့ ဘယ်အချိန်မဆို
ပုံပျက်ပန်းပျက်နဲ့ ဖြစ်သွားတတ်သလို အကြောင်းအမျိုးမျိုးကြောင့်ပေါ့လေ
ပျက်စီးသွားတဲ့အခါ အရင် မိမိ Backup လုပ်ယူထားတဲ့ ပုံစံအဟောင်းလေးကို
ပြန်လည် Upload လုပ်ပြီး ပြု ပြင်လို့ ရယူနိုင်တာပေါ့...

ဒီလောက်ဆိုရင် Backup လုပ်တယ်ဆိုတာ ဘယ်လောက်ထိ
အရေးပါအရာရောက်တယ်ဆိုတာကို သိပြီးရင်တော့ မိမိဖုန်းထဲမှ Apk များကို
မှားဖျက်မိသည်ဖြစ်စေ အသုံးပြုနေရင်း ကလစ်တာ မှားသွားလို့
Root လုပ်တဲ့အခါ အခန့်မသင့်ပဲ Firmware ကျသွားလို့ အသစ်ပြန်တင်
ရတဲ့အခါမျိုး ၊ပြီးတော့ ဖုန်းကို Software Update လုပ်လိုက်တဲ့အခါ
ဖုန်းက ကြောင်အမ်းသွားပြီး ဘာမှသုံးစားမရတဲ့ အခါမျိုးမှာတော့
သင့်ဖုန်းကို ကြို တင်ပြီး Backup လုပ်ထားပါက ဖုန်းထဲက မိမိပြန်လည်
ရယူလိုတဲ့ Data များနဲ့ apk စသည်များကို အလွယ်တကူ ပြန်လည်
Restore လုပ်ပြီး ရယူနိုင်မှာဖြစ်တာကြောင့် သင့်ဖုန်းကို backup လုံးဝ
လုပ်ထားသင့်ပါတယ်။

Restore ကဘာလို့လုပ်ရသလဲ
=================
ရှင်းပါတယ် စောနားက ကျနော်ပြောခဲ့သလို မိမိဖုန်းနဲ့ /Tablet များကို
Backup လုပ်ထားပြီးသား ရှိနေတယ်၊ ပြီးတော့ အရင်ကတော့ ဖုန်းကအသုံးပြု လို့
အရမ်းကောင်းတယ်၊ အခုတော့ ပျက်စီးသွားပြီဆိုပါတော့ အဲဒီအခါ သင့်ဖုန်းကို
Restore လုပ်ယူရတော့မှာဖြစ်ပါတယ်။

ဒီနေရာမှာ Restore လုပ်တဲ့အပိုင်းက ပုံစံမျိုးစုံရှိပါတယ်
Backup လုပ်ထားပြီးသား Data အဟောင်းများကို ပြန်လည်
Restore လုပ်နည်းနဲ့၊ ဖုန်းကို Restore လုပ်ယူနိုင်တဲ့ ဆော့ဝဲနဲ့
အရေးပေါ် လုပ်ယူတာမျိုး ပြီးတော့ Recovery Mode ထဲကနေ
Recovery လုပ်ယူတာမျိုး စသည်ဖြင့် မိမိကျွမ်းကျင်တဲ့ အပိုင်းကနေ
ပြန်လည်ရယူနည်းကို Restore လုပ်တယ်လို့ ခေါ်ပါတယ်။

အခုလောက်ဆိုရင်တော့ ဘာကြောင့် Restore လုပ်သလဲဆိုတာနဲ့
ကျန်တဲ့ technical အပိုင်းကို သိမြင်လောက်ပြီလို့ထင်ပါတယ်။
သင့်ဖုန်းတစ်ခုလုံး သုံးစားမရတော့တဲ့အချိန် အရင် ပုံစံအဟောင်းအတိုင်း
ပြန်လည်ရယူလိုတဲ့အခါ သင့်ဖုန်းကို Restore လုပ်ရမှာဖြစ်ပါတယ်။

ကဲဗျာ Android လောကထဲကို ရောက်လာပြီဆိုမှတော့
သင့်အတွက် လုံးဝသိထားသင့်တဲ့ အပိုင်းကြီး နှစ်ခုလုံးကို
သိထားရမှာဖြစ်တဲ့အတွက် အောက်မှာသာ ဆက်လေ့လာကြည့်လိုက်ပါ။


Samsung Kies 3 ကိုအသုံးပြု ပြီး Backup ပြု လုပ်နည်း
============================



ဒီအပိုင်းကို ကျနော် မရှင်းပြမှီ Samsung Kies ဆော့ဝဲနဲ့ ကွန်ပျူ တာမှာ
အင်စတောလုပ်ယူနည်းနဲ့၊ ပြီးတော့ ဘာကြောင့်အသုံးပြု သင့်တယ်ဆိုတာကို
ဟိုအရင် ကျနော်တင်ပေးဖူးပါတယ်။
အောက်ကလင့်မှာ ၀င်လေ့လာကြည့်လိုက်ပါ။

Samsung Phone & Tablet တွေအတွက် မရှိမဖြစ်တဲ့ Entertainment ဆော့ဝဲ

၁။ Samsung Kies ဆော့ဝဲကို ကွန်ပျူ တာမှာ အင်စတောလုပ်ပြီးတာနဲ့
ဆော့ဝဲကို ဖွင့်လိုက်ပါ။ ပြီးရင် ဖုန်းနဲ့ ကွန်ပျူ တာကို ချိတ်ဆက်လိုက်ပါ။

၂။ ဖုန်းနဲ့ ကွန်ပျူ တာချိတ်ဆက်ပြီးတဲ့အခါ Backup & Restore
ဆိုတာကို တစ်ချက်နှိပ်လိုက်ပါ ပုံကိုကြည့်ပါ။



၃။ ပြီးရင် Data backup ဆိုတာကို တစ်ချက်ထပ်နှိပ်လိုက်ပါ။




၎။ အောက်ကပုံအတိုင်း ပြနေတဲ့အခါမှာတော့
မိမိအတွက် တကယ်လိုအပ်မယ့် အရေးကြီးတယ်ဆိုတဲ့
Apk များကို တစ်ခုချင်းစီ အမှန်ခြစ်ပြီး Backup လုပ်ယူနိုင်သလို
အားလုံးကို တစ်ခါတည်းနဲ့ လုပ်ယူချင်တယ်ဆိုရင်တော့
Select all items ဆိုတာကို အမှန်ခြစ်ပေးပြီး၊ Backup ဆိုတာကို
နှိပ်ပေးလိုက်ပါ။ ပြီးရင်ခနလေး စောင့်နေလိုက်ပါ။




၅။ Backup ဆိုတာကို နှိပ်လိုက်ပြီးတာနဲ့ အောက်ကပုံအတိုင်း
Backup လုပ်ခြင်းကိစ္စပြီးစီးအောင်မြင်ပြီး ဖြစ်ကြောင်း
နေ့ရက်နဲ့တကွ ပြနေပါလိမ့်မယ် Complete ဆိုတာကိုနှိပ်လိုက်ပါ။
ပြီးရင် သင့်ကွန်ပျူ တာရဲ့ Document ထဲမှာသွားကြည့်လိုက်ပါ
သင့်ဖုန်းနဲ့ပါတ်နဲ့တကွ Backup လုပ်ထားပြီးသား အပြည့်အစုံ
Folder အသစ်လေး ရောက်နေပါလိမ့်မယ်။

Samsung Kies ကိုအသုံးပြု ပြီး သင့်ဖုန်းနဲ့ /Tablet များကို
Backup လုပ်ခြင်းကိစ္စ ပြီးဆုံးပါပြီ။





Samsung Kies 3 ကိုအသုံးပြု ပြီး Restore ပြု လုပ်နည်း
==========================
ဒီပိုင်းကို လေ့လာတော့မယ်ဆိုရင်တော့ အပေါ်မှာ ကျနော် ရမ်းသမ်းပြီး
ရှင်းပြထားခဲ့တဲ့ ဘာကြောင့် Restore လုပ်ရသလဲဆိုတာကို
အရင်ဖတ်ကြည့်စေချင်ပါတယ် အားလုံးအဆင်ပြေတယ်ဆိုရင်တော့
ဆက်လေ့လာကြည့်လိုက်ပါ။

၁။ Samsung Kies ဆော့ဝဲကို ကွန်ပျူ တာမှာ အင်စတောလုပ်ပြီးတာနဲ့
ဆော့ဝဲကို ဖွင့်လိုက်ပါ။ ပြီးရင် ဖုန်းနဲ့ ကွန်ပျူ တာကို ချိတ်ဆက်လိုက်ပါ။

၂။ ဖုန်းနဲ့ ကွန်ပျူ တာချိတ်ဆက်ပြီးတဲ့အခါ Backup & Restore
ဆိုတာကို တစ်ချက်နှိပ်လိုက်ပါ ပုံကိုကြည့်ပါ။



၃။ အောက်ကပုံအတိုင်းပြနေခဲ့ရင်တော့
Restore ဆိုတာကို တစ်ချက်နှိပ်လိုက်ပါ။



၎။ အောက်ကပုံအတိုင်း ပြနေခဲ့ရင်တေ့ Select the backup file to restore
စာတန်းရဲ့မှာတော့ မိမိဖုန်းကို တည်ရှိနေတဲ့နေရာကို File & Folder နေရာကို
ရွေးပေးရမှာဖြစ်ပါတယ်။

ပြီးတော့ Select all items အောက်မှာတော့ မိမိအတွက် Restore လုပ်လိုတဲ့
Data များနဲ့ Apk များကို ရွေးပြီး အမှန်ခြစ်ပေးနိုင်သလို အားလုံးကို ပြု လုပ်ချင်
တယ်ဆိုရင်တော့ Select all items နေရာမှာ အမှန်ခြစ်ပေးလိုက်ပါ။

တကယယ်လို့ အချို့ သော File များကို ရှာမတွေ့သေးရင်တော့
Find Files ဆိုတာကိုနှိပ်ပြီး ရှာဖွေနိုင်မှာဖြစ်ပါတယ်။



၎။ အားလုံးအသင့်ဖြစ်ပြီး စိတ်ကြို ရွေးပြီးပြီဆိုရင်တော့
Restore ဆိုတာကိုနှိပ်ပေးလိုက်ပါ။ ဘာမှထပ်လုပ်ပေးစရာမလိုတော့ပဲ
Restore ပြု လုပ်နေတုန်း ခနလေးစောင့်နေလိုက်ပါ။



၅။ Restore လုပ်ပြီးလို့ အောင်မြင်ပြီးစီးကြောင်း အောက်ကပုံအတိုင်း
ပြနေခဲ့ရင်တော့ သင့်ဖုန်းကို Restore လုပ်ခြင်းကိစ္စပြီးဆုံးသွားပါပြီ။




Wondershare MobileGo ဆော့ဝဲကို အသုံးပြု ပြီး Backup လုပ်နည်း
=================================

Wondershare MobileGo ဆိုတာ ဖုန်းနဲ့/Tablet တို့မှာ Data များနဲ့
Apk များကို ကွန်ပျူ တာမှာ One Click နဲတင် Backup & Restore
လုပ်ဖို့ရအတွက် အကောင်းဆုံးဆော့ဝဲတစ်ခုဖြစ်ပါတယ်။

ဘယ်လိုအကြောင်းအမျိုးမျိုးကြောင့်ပဲဖြစ်ဖြစ် ဆုံးရှုံးသွားတဲ့
Data များအတွက် ဒီဆော့ဝဲကို အသုံးပြု ပြီး သင့်ဖုန်းနဲ့/Tablet တွေကို
Backup & Restore ပြုလုပ်တဲ့အခါ contents: app data, contacts,
SMS, calendars, call logs, music, video and photos စတာတွေ
အားလုံးကို တစ်ချ က်တည်းနှိပ်လိုက်ရုံနဲ့ ပြန်လည်ရယူနိုင်မှာဖြစ်ပါတယ်။

Wondershare MobileGo ဆော့ဝဲကို အသုံးပြု ပြီး Backup လုပ်နည်း
===============================
Backup လုပ်နည်းကို လေ့လာတော့မယ်ဆိုရင်တော့
ဘာကြောင့် Backup လုပ်ရသလဲဆိုတာကို အပေါ်မှာ
ကျနော် ရှင်းပြပေးခဲ့ပါပြီ အသေအချာပြန်ဖတ်ကြည့်လိုက်ပါ။

၁။ ပထမဆုံး Wondershare MobileGo ဆော့ဝဲကို
Official ဆိုက်မှာ ဒေါင်းလော့ရယူလိုက်ပါ။ ပြီးရင် ဆော့ဝဲကို
ကွန်ပျူ တာမှာ အင်စတော ပြု လုပ်လိုက်ပါ။

Download Here

၂။ ဆော့ဝဲကို အင်စတောလုပ်ပြီးတာနဲ့ ဖွင့်လိုက်ပါ။
ဖုန်းနဲ့ ကွန်ပျူ တာကို USB ကြိုးဖြင့် ချိတ်ဆက်လိုက်ပါ။
အောက်ကပုံအတိုင်း ဖုန်းနဲ့ကွန်ပျူ တာချိတ်ဆက်လိုက်တဲ့အခါ
ဖုန်းမှာ လုပ်ပေးရမယ့် အချက်အလက်ကို ပြပေးနေပါလိမ့်မယ့်
ပုံလေးကိုကြည့်ပြီး လုပ်ပေးလိုက်ပါ။


၃။ လိုအပ်တဲ့ USB ကြိုးအတွက် ချိတ်ဆက်မှုတွေ ပြီးသွားတဲ့
အခါမှာတော့ အောက်ကပုံအတိုင်း မိမိဖုန်းနဲ့ ကွန်ပျူ တာ
Connect လုပ်နေပါ လိမ့်မယ် ခနလေးစောင့်နေလိုက်ပါ။


၎။ ဖုန်းနဲ့ ကွန်ပျူ တာ ချိတ်ဆက်မှု အဆင်ပြေသွားပြီဆိုင်ရင်တော့
မိမိဖုန်းရဲ့ Device နာမည်နဲ့ အထင်းသားဖေါ်ပြနေပါလိမ့်မယ်

မိမိဖုန်းအတွက် ကွန်ပျူ တာမှာ Backup လုပ်ယူမှာဖြစ်တဲ့အတွက်
ကျနော်အနီရောင်လေးနဲ့ ၀ိုင်းပြထားတဲ့ One Click Backup ဆိုတာကို
နှိပ်လိုက်ပါ။ တကယ်လို့ အခြားသော Option တွေကို
ကြည့်ချင်သေးတယ်ဆိုရင်တော့ More Tools ဆိုတာကိုနှိပ်ပြီး
ဝင်ကြည့်နိုင်ပါတယ်။


၅။ Backup ဆိုတာကိုနှိပ်လိုက်ပြီးတဲ့ အောက်ကပုံအတိုင်း
ပြနေပါလိမ့်မယ်၊ အဲဒီမှာ “Browse” နေရာမှာတော့
ကွန်ပျူ တာရဲ့ မိမိသိမ်းဆည်းထားလိုတဲ့နေရာ သို့မဟုတ် Folder
ကို ရွေးပေးရမှာဖြစ်ပါတယ်။

Contact ဆိုတဲ့ စာတန်းရဲ့အောက်မှာတော့
မိမိအတွက် Backup လုပ်လိုတဲ့ data များနဲ့ Apk များကို
တစ်ခုချင်းရွေးပြီး အမှန်ခြစ်ပေးနိုင်သလို အားလုံးကို
လုပ်လိုတယ်ဆိုရင်လည်း အားလုံးကို အမှန်ခြစ်ပေးပြီး
Backup ဆိုတာကို နှိပ်ပေးလိုက်ပါ။



၆။ Backup ဆိုတာကိုနှိပ်လိုက်ပြီးရင်တော့
အောက်ကပုံအတိုင်း Backup လုပ်နေပါလိမ့်မယ်။
ဘာမှထပ်လုပ်ပေးစရာ မလိုတော့တဲ့အတွက်
ပြီးအောင်စောင့်နေလိုက်ပါ။




Wondershare MobileGo ဆော့ဝဲကို အသုံးပြု ပြီး Restore ပြု လုပ်နည်း
================================
Restore အပိုင်းကို လေ့လာတော့မယ်ဆိုရင်တော့
ဘာကြောာင့် Restore လုပ်ရသလဲဆိုတဲ့ အပေါ်ကကျနော်
နားလည်သလို ရှင်းပြထားခဲ့တာလေးကို ပြန်ဖတ်ကြည့်လိုက်ပါ။

Restore ကိုဘာကြောင့်လုပ်သလဲဆိုတာကိုနားလည်ပြီးရင်တော့
အောက်မှာ ဆက်လေ့လာကြည့်လိုက်ပါ

၁။ ပထမဆုံး Wondershare MobileGo ဆော့ဝဲကို
Official ဆိုက်မှာ ဒေါင်းလော့ရယူလိုက်ပါ။ ပြီးရင် ဆော့ဝဲကို
ကွန်ပျူ တာမှာ အင်စတော ပြု လုပ်လိုက်ပါ။

Download Here

၂။ ဆော့ဝဲကို အင်စတောလုပ်ပြီးတာနဲ့ ဖွင့်လိုက်ပါ။
ဖုန်းနဲ့ ကွန်ပျူ တာကို USB ကြိုးဖြင့် ချိတ်ဆက်လိုက်ပါ။
အောက်ကပုံအတိုင်း ဖုန်းနဲ့ကွန်ပျူ တာချိတ်ဆက်လိုက်တဲ့အခါ
ဖုန်းမှာ လုပ်ပေးရမယ့် အချက်အလက်ကို ပြပေးနေပါလိမ့်မယ့်
ပုံလေးကိုကြည့်ပြီး လုပ်ပေးလိုက်ပါ။


၃။ လိုအပ်တဲ့ USB ကြိုးအတွက် ချိတ်ဆက်မှုတွေ ပြီးသွားတဲ့
အခါမှာတော့ အောက်ကပုံအတိုင်း မိမိဖုန်းနဲ့ ကွန်ပျူ တာ
Connect လုပ်နေပါ လိမ့်မယ် ခနလေးစောင့်နေလိုက်ပါ။



၎။ ဖုန်းနဲ့ ကွန်ပျူ တာ ချိတ်ဆက်မှု အဆင်ပြေသွားပြီဆိုင်ရင်တော့
မိမိဖုန်းရဲ့ Device နာမည်နဲ့ အထင်းသားဖေါ်ပြနေပါလိမ့်မယ်။

ကျနော်အနီရောင်လေးနဲ့ ၀ိုင်းပြထားတဲ့ မိမိဖုန်းရဲ့ Device ပြနေတဲ့
နေရာကိုတစ်ချက်နှိပ်လိုက်ပါ။ ပြီးရင် အောက်မှာ ၀ိုင်းပြထားတဲ့
More tools ဆိုတာကိုတစ်ချက်ထပ်နှိပ်လိုက်ပါ။



၅။ မိမိဖုန်းအတွက် ကွန်ပျူ တာမှာ Restore လုပ်ယူမှာဖြစ်တဲ့အတွက်
ကျနော်အနီရောင်လေးနဲ့ ၀ိုင်းပြထားတဲ့ Restore ဆိုတာကိုနှိပ်လိုက်ပါ။


၆။ Restore ဆိုတာကိုနှိပ်လိုက်ပြီးတာနဲ့ အောက်ပုံအတိုင်း
ပြနေပါလိမ့်မယ် အဲဒီမှာ မိမိဖုန်းဖုန်းကို အရင် Backup လုပ်ထား
ပြီးသား Data များနဲ့ Apk များ ကိုရွေးပေးလိုက်ပြီးတော့
Restore ဆိုတာကိုသာ နှိပ်ပေးလိုက်ပါ။



၇။ Restore ကိုနှိပ်လိုက်ပြီးတဲ့အခါမှာတော့ အောက်ကပုံအတိုင်း
Data များကို Restore လုပ်နေပါလိမ့်မယ် ပြီးအောင်စောင်ပေးလိုက်ပါ။

Restore လုပ်ခြင်းကိစ္စပြီးဆုံးသွားရင်တော့ သင့်ဖုန်းနဲ့/Tablet များကို
ဆိုင်က၀ယ်လာသည့်အတိုင်း သို့မဟုတ် အရင်ပုံစံဟောင်းလေးအတိုင်း
Data အားလုံးနဲ့ apk များကို ပြန်လည်ရယူနိုင်မှာဖြစ်ပါတယ်။



ဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်
အားလုံးအတွက် ကျနော် အကောင်းဆုံးဖြစ်အောင်
ကြိုးစားနေပါဦးမည်။